News

online မှာ နာမည်​ကြီး​နေတဲ့ တစ်​​သောင်းခွဲတန်​ မုန့်​ဟင်းခါး

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ
တစ်သောင်းခွဲ တဲ့ ….Oh my God🙄
ကိုယ်လည်း စူးစမ်းချင်လို့သွားစားကြည့်တာ😬မယုံလို့
အယ်..တကယ်ကြီးတော့်😬
ကိုယ်ကြားဖူးတာနဲ့
စာဖူးတာ က ထောင့်ငါးရာတန်လောက်က
အများဆုံးကိုး…
နီနီက ခဏခဏ ပြောပြတယ်..
အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့
သူသွားစားတိုင်းပုံလှမ်းလှမ်းပို့ရတာ အမော..
အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ်
နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင်…ငါသာဆို စားမနေဘူး မတန်မရာတွေ
အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့..
နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ
စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့….😊Ok ပေါ့…

ဒီနေ့ …ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီထရပါတယ်
(ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော
မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ)
ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ
သေးတယ်…
(ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့
ထင်ကောင်းထင်နိုင်ပါတယ်)
ကြိုက်သလိုထင်ပါ…သူက မနက်ရှစ်နာရီကျော်လောက်ဆို ကုန်တတ်လို့ပါတဲ့…😊
ဆိုင်အပြင်အဆင်ကလည်းပုံမှာမြင်တဲ့အတိုင်းပါဘဲ
ရိုးရှင်းပါတယ်…လာစားတဲ့ ကားတွေကလည်း
ကျိတ်ကျိတ်တိုးအပြည့်ဘဲမလို့ …..ကြိုမမှာထားရင်
တန်းစီစောင့်ရပါတယ်…
Feeling amazing ပေါ့နော်😊

အဲ့တာနဲ့ မုန့်ဟင်းခါး ပန်းကန်လာချတော့
ပန်းကန်က အလုံးမဟုတ်ဘူး..
ပန်းကန်ပြားနဲ့…စပြီးသတိထားမိတာက
ငါးဥတွေနဲ့ ငါးဖယ်တွေနဲ့ စုံပလုံ နေတာဘဲ☺️
တစ်ဇွန်းစ စားကြည့်တယ် ..
အင်း သူတို့ပြောတာမှန်တယ် ဆိုပြီးဖြစ်သွားရော
တော်တော်လေး အရသာရှိပါတယ်
သာမန်မုန့်ဟင်းခါးတွေနဲ့ အတော်လေးလည်းကွဲထွက်
ပြီး…ဘာကိုကောင်းတာလဲလို့မေးရင်
ကောင်းလို့ ကို ကောင်းတာပါလို့ဘဲ
ပြန်ဖြေချင်ပါတယ်🥰

“တန်ရာတန်ကြေးပေးရင်
ပေးရတာနဲ့တန်အောင် ပြန်ရမှ
လူတွေက ကျေနပ်ကြတာ သဘာဝကိုး…”
အော်…ဒီမုန့်ဟင်းခါးကို ကိုယ်တိုင်လာမစားကြည့်ခင်
ကတော့ အပြစ်မြင်ခဲ့ဖူးပါရဲ့…အခုကျတော့
ကိုယ်အပါအဝင် လူတွေများစွာ
စားပွဲပေါင်းများစွာ…ထိုင်ခုံပေါင်း များစွာ
ဝိုင်းတွေက အပြည့်နဲ့လေ…..ပျော်စရာကြီးပါ….
မဆီမဆိုင် သူ့ဝင်ငွေတောင် ကိုယ်က ထိုင်တွက်
ခန့်မှန်းခဲ့သေး…….😊

သူ့ကိုကြိုက်နှစ်သက်လို့လာရောက်အားပေးကြတာလေ
ဝေးကလည်းဝေးသေး..တော်ရုံဆိုဘယ်လာကြမလဲ
သူ့ရဲ့ကောင်းကွက်လေးတွေကို
ချစ်ခင်နှစ်သက်စိတ်နဲ့ လက်ခံလို့ပေါ့
အဲ့လိုဘဲ…အခြားတစ်ဖက်မှာ
သူ့ကိုလက်မခံချင်တဲ့ မတန်မရာ ဘာညာ သာရကာ
ဆိုတဲ့ လူတွေလည်းရှိကောင်းရှိမှာဘဲ….😊

သူက တစ်သောင်းခွဲနဲ့ရောင်းနေပေမယ့်
တစ်သောင်းခွဲပေးပြီး
ကျေကျေနပ်နပ်နဲ့ ဝယ်စားတဲ့လူတွေရှိမှရတာကိုး
သူ့ကိုလက်ခံနိုင်တဲ့ သူရှိသလို
လက်မခံချင်တဲ့သူလည်း ရှိမှာဘဲ…
သူကတော့ ဘာကိုမှဂရုမစိုက်အားပါဘူး
ရောင်းကောင်းတာလက်မလည်လို့ပါ
အော်…..
အဲ့တာပြောတာပေါ့
နေရာတိုင်းမှာ သူ့အနေအထားနဲ့သူ
သူ့တန်ဖိုးနဲ့သူ…❤️

စိတ်ဝင်စားရင် သွားစားလို့ရအောင် လိပ်စာလေး
ရေးပေးခဲ့မယ်
ရွှေတောင်ကြားလမ်း အလက(၆)ကျောင်းဝင်းအတွင်း

မုန့်ဟင်းခါးစားရင်း ရလိုက်တဲ့
မုန့်ဟင်းခါး Messages 🥰👍👏👏👏

Credit

Leave a Reply

Your email address will not be published. Required fields are marked *