Cele News

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၇၃ အထိ မြင့်တက်လာ

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ
ကမ္ဘာ့အဆင့် ၇၃ အထိ မြင့်တက်လာ
====================================

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂရိအင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ၌ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ယနေ့ (သြဂုတ် ၁၃ရက်)၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သက်မှတ်ချက်၌ အဆင့် ၇၃အထိ မြင့်တက်လာခဲ့သည်။

သြဂုတ်လ ၈ရက်မှ ၁၁ရက်အထိ ကျင်းပခဲ့သော ဂရိ အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ယခင်ကမ္ဘာ့ဆအင့် ၈၃ရှိခဲ့သော သက်ထားသူဇာသည်
ကမ္ဘာ့အဆင့် ၂၂၅ရှိ မလေးရှားကြက်တောင်မယ်ကို
နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပထမဆု နှင့် ဒုတိယဆုမှာ ရမှတ်ကွာဟမှု သိပ်မရှိသောကြောင့် သက်ထားသူဇာသည် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဆင့်သက်မှတ်ချက်တွင် အဆင့်၁၀ဆင့် အထိ မြင့်တက်သွားခြင်း ဖြစ်သည်။

သက်ထားသူဇာကို အနိုင်ရရှိသွားသော မလေးရှားကြက်တောင်မယ် ကီဆိုနာသည် ယခင်က ကမ္ဘာ့အဆင့် ၅၀အထိ တက်လှမ်းထားနိုင်ခဲ့ဖူးသော အတွေ့အကြုံရင့် ကစားသမားပြီး ဒဏ်ရာပြဿနာရှိနေခဲ့၍ ပွဲဝေးနေခဲ့သောကြောင့် ကမ္ဘာ့အဆင့် နှစ်ရာကျော်အထိ ကျဆင်းသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သက်ထားသူဇာသည် ကမ္ဘာ့အဆင့်မြင့်လာစေရန် ပြိုင်ပွဲများတောက်လျောက် ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း သြဂုတ်လ ၁၂ရက်မှ ၁၅ရက်အထိ ကျင်းပနေသည့် ဘူဂေလ်ရီးယား အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိနေသည်။

မိုင်းစောလွင်
Credit:pyimyanmar
(PK)

Leave a Reply

Your email address will not be published. Required fields are marked *