Cele News

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၇၃ အထိ မြင့်တက်လာ

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၇၃ အထိ မြင့်တက်လာ ==================================== မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂရိအင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ၌ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ယနေ့ (သြဂုတ် ၁၃ရက်)၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သက်မှတ်ချက်၌ အဆင့် ၇၃အထိ မြင့်တက်လာခဲ့သည်။ သြဂုတ်လ ၈ရက်မှ ၁၁ရက်အထိ ကျင်းပခဲ့သော ဂရိ အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ယခင်ကမ္ဘာ့ဆအင့် ၈၃ရှိခဲ့သော သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၂၂၅ရှိ မလေးရှားကြက်တောင်မယ်ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပထမဆု နှင့် ဒုတိယဆုမှာ ရမှတ်ကွာဟမှု သိပ်မရှိသောကြောင့် သက်ထားသူဇာသည် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဆင့်သက်မှတ်ချက်တွင် အဆင့်၁၀ဆင့် အထိ မြင့်တက်သွားခြင်း ဖြစ်သည်။ သက်ထားသူဇာကို အနိုင်ရရှိသွားသော […]

Cele News

” ဂရိ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ငွေတံဆိပ် ရရှိ “

” ဂရိ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ငွေတံဆိပ် ရရှိ ” ဂရိ နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သော်လည်း မလေးရှားကစားသမားကို ရှုံးနိမ့်ခဲ့သဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သြဂုတ် ၁၁ ရက်က ကျင်းပသည့် Greece Hellas Open 2019 ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် မလေးရှားကစားသမား ကီဆိုနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး (၂၁-၁၄) (၂၁-၉) မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်ပထမအဆင့်တွင် ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် ပိုလန်ကစားသမားကို နှစ်ပွဲပြတ်၊ ကွာတားအဆင့်တွင် ယူကရိန်းကစားသမားကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမားကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ […]

Cele News

မွန်ပြည်နယ် ရေဘေးအတွက် အလှူခံတာ ၁၇ သိန်း ကျော် ရပြီဆိုတဲ့ ဖြိုးမြတ်အောင်

မွန်ပြည်နယ် ရေဘေးအတွက် အလှူခံတာ ၁၇ သိန်း ကျော် ရပြီဆိုတဲ့ ဖြိုးမြတ်အောင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့တဲ့ Myanmar Idol Season (3) ပြိုင်ပွဲ ကြီးရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ရိုးရိုးအေးအေးနေထိုင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က မွန်ပြည်နယ် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းဖို့အတွက် အလှူခံနေတာ ၁၇သိန်း ကျော်အထိ ရရှိနေပြီလို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထိထိရောက်ရောက် ကူညီနိုင်ဖို့ အလှူရှင်တွေကို စုစည်းပေးနိုင်တဲ့ ဖြိုးမြတ်အောင်ကတော့ တကယ့်ကို လူချစ်လူခင် ပေါသူတစ်ဦးပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် မွန်ပြည်နယ်ရေဘေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ဖြိုးမြတ်အောင်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးမြတ်အောင် ကတော့ “မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း […]

Cele News

အစ္စဏီ၏ အာမခံလျှောက်ထားမှုကို တာမွေတရားရုံးမှ တရားရုံးပယ်ချ

အစ္စဏီ၏ အာမခံလျှောက်ထားမှုကို တာမွေတရားရုံးမှ တရားရုံးပယ်ချ မုဒိမ်းမှု၊ အပြင်းအထန် နာကျင်စေမှုအပါအဝင် ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေရသည့် တေးသံရှင် အစ္စဏီ၏ အယူခံကို တာမွေမြို့ နယ် တရားရုံးမှ ပယ်ချလိုက်ကြောင်း သိရသည်။ တေးသံရှင် အစ္စဏီ ရင်ဆိုင်နေရသည့် အမှုများအား အချုပ်လွှတ်ထုချေရန်အတွက် တာမွေမြို့နယ် တရား ရုံးတွင် သြဂုတ်လ ၉ ရက်က အာမခံလျှောက်ထားရာတွင် တရားရုံးမှ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အစ္စဏီ၏ အဒေါ်ဖြစ်သူထံမှ သိရသည်။ အစ္စဏီအား စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်ပြီး တရာလိုပြုလုပ်တိုင်တန်းသူ မော်ဒယ်လ် စူးရှထက်မှ အမှုကျေအေးပေး သည့် စာကိုလည်း တရားရုံးသို့ လက်မှတ်ထိုးကာ သြဂုတ်လ ၅ ရက်က တင်ပြထားသည်။ အဆိုပါ ကျေအေးမှုနှင့် ပတ်သက်ပြီး တရားရုံးရောက်ရှိနေသည့် အမှုဖြစ်သည့်အတွက် […]

Cele News

Line Walker 2 ဇာတ်ကားမှာပါတဲ့အခန်း နည်းပေမယ့် စိတ်ဖိစီးခဲ့တယ်ဆိုတဲ့ အောင်မြင့်မြတ်

Line Walker 2 ဇာတ်ကားမှာပါတဲ့အခန်း နည်းပေမယ့် စိတ်ဖိစီးခဲ့တယ်ဆိုတဲ့ အောင်မြင့်မြတ် မြန်မာနိုင်ငံ၌ လာ ရောက်ရိုက်ကူးပြီး သြဂုတ် ၈ ရက် (ယနေ့) ရုံတင်ပြသမည့် Line Walker 2 ဇာတ်ကားတွင် ၎င်းပါဝင်သည့် အခန်းနည်းသော် လည်း စိတ်ဖိစိးမှုများခဲ့ကြောင်း သရုပ်ဆောင် အောင်မြင့်မြတ်က ပြောသည်။ ‘‘စိတ်ခံစားမှုက ဖိအားအ ရမ်းများခဲ့တယ်။ ကိုယ်မှမဟုတ် ဘူး။ တခြားသော သရုပ်ဆောင် တွေလည်းကိုယ့်လိုပဲဖြစ်တယ်။ အကုန်လုံးက မှားမှာစိုးကြတယ်။ ပရိသတ်ကိုပြောချင်တာကတော့ ကျွန်တော်တို့ရုပ်တွေအကြီးကြီး ပါတယ်ဆိုပေမယ့် ကျွန်တော်တို့ အတွက်လည်း ဒါကအမြတ်ပဲ။ ပြည်တွင်းဈေးကွက်မှာဖြတ်သန်း နေရတဲ့ သရုပ်ဆောင်တွေအနေနဲ့ ဘာပဲဖြစ်ဖြစ် အဲဒီကားလေးမှာ ပါဝင်ခွင့်ရတဲ့အတွက် အကျိုးရှိပါ တယ်’’ ဟု ၎င်းကပြောသည်။ ယင်းဇာတ်ကားတွင် မြန်မာ သရုပ်ဆောင်များအဖြစ် […]

Cele News

‘နိုင်ငံကြီးသား’ ရုပ်ရှင်နဲ့ပတ်သက်ပြီး မင်းသွေးရဲ့ခံစားချက်ကို ပြောပြတဲ့ နေတိုး

‘နိုင်ငံကြီးသား’ ရုပ်ရှင်နဲ့ပတ်သက်ပြီး မင်းသွေးရဲ့ခံစားချက်ကို ပြောပြတဲ့ နေတိုး Thursday, August 8, 2019 ‘နိုင်ငံကြီးသား’ရုပ်ရှင် သည် မင်းသွေးပါဝင်သရုပ် ဆောင်ထားသည့် နောက်ဆုံး ဇာတ်ကားဖြစ်ပြီး မင်းသွေးကိုယ် တိုင် ယင်းဇာတ်ကားရည်ရွယ် ချက်ကို ကြိုက်သောကြောင့် ပါဝင်ခဲ့ကြောင်း နေတိုးက ပြော သည်။ ‘‘သူကိုယ်တိုင် ဒီဇာတ်လမ်း ကိုဖတ်ပြီးတော့ လာကမ်းလှမ်းတဲ့ အချိန်မှာ သူရိုက်ချင်တယ်တဲ့။ သူပါဝင်တဲ့နေရာတင် မဟုတ် ဘူး။ ဇာတ်ကားရဲ့ရည်ရွယ်ချက် ကို ကြိုက်တယ်။ ဘယ်နေရာကပဲ ပါဝင်ရ၊ ပါဝင်ရ ဒီလိုကားမျိုးမှာ ပါဝင်ချင်တယ်ဆိုတဲ့ အနုပညာ စိတ်နဲ့ လုပ်ခဲ့တယ်လို့မြင်ပါတယ်’’ ဟု ယင်းဇာတ်ကားတွင် မင်းသွေး ပါဝင် သရုပ်ဆောင်သည့်အ ကြောင်း နေတိုးက ပြောသည်။ ယင်းဇာတ်ကားတွင် မင်း သွေးက […]

Cele News

မြန်မာနိုင်ငံမှာ ကိုယ်ခံပညာသင်တန်းကျောင်းဖွင့်မယ့် အောင်လ

မြန်မာနိုင်ငံမှာ ကိုယ်ခံပညာသင်တန်းကျောင်းဖွင့်မယ့် အောင်လ 8-8-2019 ချန်ပီယံကြီး အောင်လအန်ဆန်းက ” ကျွန်တော့်သားလေး ပြိုင်ပွဲကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ထင်တယ်။ သူ့ရဲ့ BJJ သင်ယူမှုကို နည်းပြ Bruna ” Durinho ” Burns နဲ့စတင်နေပါပြီ၊ တချိန်ချိန်မှာ မြန်မာနိုင်ငံမှာလည်း ကလေးတွေစည်းကမ်းပြည့်ဝပြီးနာခံမှုရှိစွာနဲ့ အချင်းချင်းလေးစားမှုရှိဖို့ သင်ယူမှုတွေကို အာရုံစိုက်တတ်ဖို့ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် လုံခြုံကောင်းမွန်တဲ့ ကိုယ်ခံပညာ သင်တန်းကျောင်းလေးတခုဖွင့်ချင်ပါတယ်” လို့ ဆိုပါတယ်။ – Aung La Nsang #CREDIT

Cele News

သူများကိုကယ်ဖို့ပြင်ဆင်နေချိန် ကိုယ့်အိမ်မှာရေကြီးနေပြီဆိုတဲ့ ဝေဠုကျော်

သူများကိုကယ်ဖို့ပြင်ဆင်နေချိန် ကိုယ့်အိမ်မှာရေကြီးနေပြီဆိုတဲ့ ဝေဠုကျော်   ဝေဠုကျော် က သူများကိုကယ်ဖို့ပြင်ဆင်နေချိန်မှာ သူ့ရဲ့အိမ်ရေကြီးနေလို့ ပစ္စည်းတွေ နေရာပြောင်းနေရပြီတဲ့။ သူဟာ လက်ရှိမှာ အနုပညာအလုပ်ထက် ပရဟိတအလုပ်ကို ပိုဦးစားပေးနေတာ တွေ့ရပါတယ်။ ဝေဠုကျော်တစ်ယောက် မိုးတွေရွာ ရေတွေကြီးလို့ သူ့အိမ်ထဲတောင် ရေတွေ ဝင်နေပါပြီတဲ့။ ပစ္စည်းတွေ ရွှေ့ရပြောင်းရလို့ တစ်ယောက်တည်းတောင် မနိုင်တော့ဘူးလို့ဆိုပါတယ်။ ‘’ကယ်ကြပါအုံးဗျို့။ သူများတွေအတွက် ကူဖို့ ကယ်ဖို့ အတွက် သွားဖို့ ပြင်ဆင်တုန်း ကိုယ့်အိမ်ပါ ရေ တက်လာလို့ ရွှေ့ပြောင်းသယ်ပို့နေရပါတယ် ကူကြ ကယ်ကြ ပါအုံးဗျို့။ WLK လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ အမြန်ဆုံးလာပေးပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၄ မိနစ်က […]

Cele News

အောင်လအန်ဆန်နဲ့ထိုးသတ်ရမယ့်အကြောင်း The Rock ဆီ ရင်ဖွင့်ခဲ့တဲ့ ဘရန်ဒွန် ဗီရာ

အောင်လအန်ဆန်နဲ့ထိုးသတ်ရမယ့်အကြောင်း The Rock ဆီ ရင်ဖွင့်ခဲ့တဲ့ ဘရန်ဒွန် ဗီရ လာမယ့် အောက်တိုဘာ (၁၃)ရက်မှာ မြန်မာ့နာမည်ကျော် တိုက်ခိုက်ရေးသမား အောင်လအန်ဆန် နဲ့ ထိုးသတ်ရမယ့် ဖိလစ်ပိုင်-အမေရိကန် သွေးနှောကပြားကြီး ဗီရာက သူနဲ့အောင်လအန်ဆန်တို့ရဲ့ ထိုးသတ်ရမယ့်ပွဲစဉ်အကြောင်းကို မင်းသားကြီး The Rock က ပြောကြားခဲ့ပါတယ်။ One Championship ကနေ စီစဉ်တဲ့ စကားပြောခန်းအစီအစဉ်တစ်ခုမှာ Hobbs & Shaw ရုပ်ရှင်ကို လောလောလတ်လတ် ထွက်ရှိထားတဲ့ မင်းသားကြီး The Rock နဲ့ MMA တိုက်ခိုက်ရေး ချန်ပီယံကြီး ဗီရာတို့ ပါဝင်ခဲ့ကြတာပါ။သူတို့က Hobbs & Shaw ရုပ်ရှင်ထဲက တိုက်ခိုက်ရေးဆိုင်ရာ သရုပ်ဆောင်မှုတွေအကြောင်း ပြောဆိုခဲ့ကြပြီး ဗီရာ က The […]

Cele News

အဆိုတော် မနော တို့ နေခဲ့တဲ့ ရွာမှာ သိန်းပေါင်း ၂၅၀ ကုန်ကျခံပြီး စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းလိုက်တဲ့ မြင့်မိုရ်မေမေ စာပေ 😮🙏🙏

အဆိုတော် မနော တို့ နေခဲ့တဲ့ ရွာမှာ သိန်းပေါင်း ၂၅၀ ကုန်ကျခံပြီး စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းလိုက်တဲ့ မြင့်မိုရ်မေမေ စာပေ 😮🙏🙏 မြင့်မိုရ်မေမေ စာပေ မိသားစုကနေပြီးတော့ အဆိုတော် မနော နေခဲ့တဲ့ မန္တလေးတိုင်း , မြင်းခြံ , ငါးဇွန်မြို့နယ်က ရွာသစ်(ဂျွန်း) ကျေးရွာ လေးမှာ သိန်းပေါင်း ၂၅၀ ကျော် ကုန်ကျခံပြီး စာသင်ကျောင်း တစ်ခု ဆောက်လုပ်လှူဒါန်းလိုက်တယ်လို့  သိရပါတယ်…. ကျောင်းသား ကျောင်းသူများက လည်း အရမ်းကို ဝမ်းသာ ပျော်ရွှင်နေကြတာ ဖြစ်ပြီး ….. အဆိုတော် မနောကလည်း ကျောင်းအပ် ရေစက်ချပွဲ အခမ်းအနားမှာ ဝမ်းသာပီတိ အပြုံးတွေ နဲ့ ပါဝင်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်… […]