Knowledge

ရေဘယ်လောက်ကြီးကြီး ရေမမြုပ်တဲ့ အလောင်းစည်သူမင်းကြီး တည်ထားခဲ့တဲ့ ဘုရားနှစ်ဆူ

ရေဘယ်လောက်ကြီးကြီး ရေမမြုပ်တဲ့ အလောင်းစည်သူမင်းကြီး တည်ထားခဲ့တဲ့ ဘုရားနှစ်ဆူ။မရောက်ဖူးသူများ ဖူးမြော်နိုင်ရန် မျှဝေပေးပါတယ်။ ဒီစေတီတော်နှစ်ဆူကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာ အနီးကဖြစ်ပါတယ် ထူးခြားတာကတော့ နှစ်စဉ်ရေကြီးတိုင်း ရေဘယ်လောက်များများ စေတီတော်တွေရဲ့ရင်ပြင်တော်တွေသော်မှ ရေမမြုပ်ပါဘူးတဲ့ ဘုရားကုန်းမြေကလည်းအရမ်းမြင့်နေလို့လဲမဟုတ်ပါဘူး ယခုလိုထူးခြားအံ့ဖွယ် တွေ့ခဲ့ရတဲ့စေတီတော်တွေကတော့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တယ်လို့သိရပါတယ် အလောင်းစည်သူမင်းကြီးရဲ့ဖောင်တော်ရှေ့နောက်တစ်ဆူစီတည်ထားခဲ့တယ်လို့သိရပါတယ် သူငယ်ချင်းများလည်းဖူမျော်နိုင်ရန်အလို့ငှာ တင်ပေးရခြင်းဖြစ်ပါတယ် မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ Credit Yangon store

Knowledge News

>ပစိဖိတ် သမုဒ္ဒရာအတွင်းက တိုင်ဖွန်းမုန်တိုင်း အမွှာ ၂ လုံး<<<

>>>ပစိဖိတ် သမုဒ္ဒရာအတွင်းက တိုင်ဖွန်းမုန်တိုင်း အမွှာ ၂ လုံး<<< ၂၀၁၉ သြဂုတ်လ ၁၀ ရက် …………… ပစိဖိတ်သမုဒ္ဒရာထဲမှာ ထူးခြားတဲ့ တိုင်ဖွန်းမုန်တိုင်း အမွှာနှစ်ခု ဖြစ်ပေါ်လို့နေပါတယ်။ ပထမ တိုင်ဖွန်းကတော့ အရေးပေါ်အဆင့် ကြေငြာထားတဲ့ လီကီမာ (Lekima) ဖြစ်ပြီး သူ့ရဲ့အနောက်မှာ ကပ်ပါလာတာတော့ တိုင်ဖွန်းမုန်တိုင်း ကရိုဆာ (Krosa) ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဆင့် ၄ ဟာရီကိန်းလောက် လေတိုက်နှုန်း (တစ်နာရီ မိုင် ၁၃၀ ကျော်) ရှိတဲ့ လီကီမာ မုန်တိုင်းဟာ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းခြေကို ဝင်ရောက်လျက်ရှိပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းပြီးလျှင် အပြင်းထန်ဆုံးသော မုန်တိုင်းများထဲက တစ်ခုပါ။ တရုတ်ပြည် ရှန်ဟိုင်းဒေသအပါအဝင် […]

Knowledge

“ဖုတ်” ၀င်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ

“ဖုတ်” ၀င်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…! အရမ်းကောင်းလို့ဖတ်စေချင်တယ် ” မသိလိုက်သော ပဉ္စာနန္တရိယကံ ” တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီး ထိုက်ပါတယ်။ ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။) ဒီအနေအထားက သားသမီးတွေငြိုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးက​ကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။ အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာ​တော့ သားသမီးတွေ ​စေတနာပျက်လာ ပြီလေ။လူကြီး လူမမာဆိုပြီး ​ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ […]

Knowledge

သူလျှိုတို့ ၏ ခြိမ်းခြောက်ခံနေရသော စိုးရိမ်ဖွယ်ရာ မြန်မာ့အနာဂတ်

သူလျှိုတို့ ၏ ခြိမ်းခြောက်ခံနေရသော စိုးရိမ်ဖွယ်ရာ မြန်မာ့အနာဂတ် ======================= သံရုံးတိုင်းသည် သံရေးတမန်ရေး ဖြင့် နိုင်ငံ၏ပထမဦးဆုံးသော ရှေ့တန်း ခံတပ်ဟု တင်စားကြပါသော်လည်း နောက်ကွယ်တွင်ထောက်လှမ်းရေးကိစ္စ ရပ်များကို အဓိကထားဆောင်ရွက်နေ ကြခြင်းအပေါ် လူတိုင်းနီးပါးမျှသိပြီး ဖြစ်၏။ ငွေကြေးသုံးစွဲနိုင်သော သံရုံး များတွင်ဝန်ထမ်းပို၍ များပြားစွာခန့် ထားကြလေ့ရှိကြပြီး ထောက်လှမ်းရေး အလုပ်ကိုပို၍ လုပ်ကိုင်နိုင်ကြသည်။ ဟိုး သက်ဦးဆံပိုင်ခေတ်ကတည်းက မစ်ရှင်များ၊ကုန်သည်များတွင် ထောက် လှမ်းရေးတို့ရောထွေးပါလာတတ်ပြီး မင်းနေပြည်တော်အတွင်းပေါက်ရောက် အောင်ပင် ဝင်ရောက်နိုင်ခဲ့ကြသည်။ ခေတ်သစ်တွင်မှာမှြူွုဥ များ၊ ပညာ ရှင်များဟူ၍အမည် အမျိုးမျိုးဖြင့် ဝင် ရောက်လာခဲ့ကြပြီး ဒေသတွင်း တိုင်း ရင်းသားများထဲ စိမ့်ဝင်ကာ ကွန်ရက်ဖွဲ့ စည်းခဲ့ကြ၏။ပို၍အစွမ်းထက်၊ လုပ်ပိုင် ခွင့်ကြီးကြသောEHM – Economic Hit Man […]

Knowledge

ဦးနေဝင်းကြောင့် သေကွဲ ကွဲခဲ့ရတဲ့ သီပေါစော်ဘွားနဲ့ မဟာဒေဝီ

ဦးနေဝင်းကြောင့် သေကွဲ ကွဲခဲ့ရတဲ့ သီပေါစော်ဘွားနဲ့ မဟာဒေဝီ မဟာဒေဝီသုစန္ဒီဟာ ရှမ်း တွေရဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင် လေးစားခံရသူတစ်ဦးဖြစ်ပါ တယ်။ မဟာဒေဝီရဲ့ဘဝက ဝမ်း နည်းကြေကွဲဖွယ်ရာတွေနဲ့ ပြည့် နှက်နေတယ်။ မဟာဒေဝီ စဝ်သုစန္ဒီက ရှမ်း အမျိုးသမီး တစ်ယောက်တော့ မဟုတ်ဘူး။ သူ့မူလအမည်က မစ္စ အင်ဂီအဲဗားဟတ် (Miss Inge Eberhasd) ပါ။ ဩစကြီးယား နိုင်ငံသူ ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ပြည်သူလူ ထုက အသက် (၂၀)အရွယ် မိုင်း လုံစော်ဘွား စဝ်ကြာဆိုင်ကို သီ ပေါစော်ဘွားအဖြစ် တင်မြှောက် ကြတယ်။ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အဲဒီအချိန်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ပညာဆည်းပူးခဲ့ပြီး စီနီယာ ကန်းဘရစ် (Senior […]

Knowledge

– သံဃာတွေကို သတိပေးလိုက်တဲ့ ကိုးရီးယားသူ -ဒေါက်တာယု

– သံဃာတွေကို သတိပေးလိုက်တဲ့ ကိုးရီးယားသူ -ဒေါက်တာယု ဒီနေ့ စာသင်ခန်းထဲ ဒေါက်တာယုအချိန်မှာ မြန်မာရဟန်းတော်များ ပါသလားလို့ မေးတော့ မယောင်မလယ် လက်ထောင်လိုက်တယ်။ သူမက ဆက်ပြောတယ်… “ ကျွန်မ သင်တို့ကို သတိပေးချင်းတာလေး ရှိတယ်။ သင်တို့ အားလုံးဟာ သင်တို့ နိုင်ငံကို ကိုယ်စားပြုတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စတိုင်းဟာ သင်တို့နဲ့ သက်ဆိုင်တယ်။ ကျွန်မ မြန်မာကို သွားတော့ ရန်ကုန်မြို့လယ်မှာ ကိုရီးယားဘာသာခြား သာသနာပြုတွေရောက်နေတာကို ကျမ တွေ့ခဲ့တယ်။ မိဘမဲ့ကျောင်းကြီးဖွင့်ထားတာ အင်မတန်ကြီးတယ်။ ကျမတို့ကိုရီးယားနိုင်ငံဟာ ရှေးယခင်က ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာခိုင်းနှုံးပြည့်ရှိခဲ့တယ်။ ဒါပေမဲ့ အနောက်က ဘာသာခြား သာသနာပြုတွေ ရောက်လာပြီးချိန်မှာ ရာခိုင်နှုံးဦးရေ ရော့ကြသွားခဲ့တယ်။ သူတို့တွေက နည်းဗျူဟာပိုင်း၊ ငွေကြေးပိုင်း […]

Knowledge

ဒီကနေ့ အစ္စဏီက မီဒီယာတွေရှေ့မှာ တောင်းပန်တဲ့အတွက် အမှုကြေအေးပေးလိုက်တဲ့ စူးရှထက်

ဒီကနေ့ အစ္စဏီက မီဒီယာတွေရှေ့မှာ တောင်းပန်တဲ့အတွက် အမှုကြေအေးပေးလိုက်တဲ့ စူးရှထက်   မီဒီယာတွေရှေ့မှာ အဆိုတော်အစ္စဏီက တောင်းပန်တဲ့အတွက် မော်ဒယ် စူးရှထက်ဟာ အမှုရုတ်သိမ်းကြောင်း လျှောက်လွှာမှာ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။   ဒီနေ့ အဆိုတော် အစ္စဏီကိုတရားစွဲဆိုထားတဲ့ ပုဒ်မ ၃ ခုစလုံးကို ကြေအေးပေးလိုက်တာပါ။ ကျေအေးလွှာမှာတော့ နောက်နောင် စူးရှထက်ကို အစ္စဏီက မည်သည့်နှောက်ယှက်မှုမျိုးမှ မပြုလုပ်ဖို့် တွက်လည်း ပါရှိပါတယ်။   အဆိုတော်အစ္စဏီကို မော်ဒယ်စူးရှထက်က ပုဒ်မ ၃၇၆၊ ၃၂၄၊၃၂၃ တို့နဲ့ တိုင်တန်းခဲ့တာကြောင့် တစ်နှစ်နဲ့ လေးလကြာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Credit – 7 Days Unicode မီဒီယာတွေရှေ့မှာ အဆိုတော်အစ္စဏီက တောင်းပန်တဲ့အတွက် မော်ဒယ် စူးရှထက်ဟာ အမှုရုတ်သိမ်းကြောင်း လျှောက်လွှာမှာ […]

Knowledge

ထူးမခြားနားပတ်ပျိုးအား အစိုးရကိုပုတ်ခတ်သည့် သဘောကိစ္စမျိုးထင်စေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ထူးမခြားနားပတ်ပျိုးအား အစိုးရကိုပုတ်ခတ်သည့် သဘောကိစ္စမျိုးထင်စေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော နေပြည်တော်၊ ဇူလိုင် ၂ ယမန်နေ့ညက ကျင်းပခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကို၏နေအိမ်တွင် ကျင်းပသည့်ညစာစားပွဲတွင် ယဉ်ကျေးမှုဦးစီးဌာနမှမြန်မာသံများဖြင့် သီဆိုဖြော်ဖြေခဲ့သော်လည်း ထူးမခြားနားပတ်ပျိုးကိုတော့ သီဆိုဖြော်ဖြေခွင့်မပေးခဲ့ကြောင်း အမည်မဖေါ်လိုသူ ယဉ်ကျေးမှုဦးစီးဌာနဝန်ထမ်းတဦးကပြောကြားခဲ့ကြောင်းသိရသည်။ ထိုညစာစားပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားဖိတ်ကြားခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ သီဆိုဖျော်ဖြေရန်စီစဉ်ခဲ့ကြောင်း၊ ထိုသို့သီဆိုဖျော်ဖြေနေစဉ် ယဉ်ကျေးမှုဝန်ကြီးဌာနတီးဝိုင်းအဖွဲ့မှ ထူးမခြားနားပတ်ပျိုးနဲ့ ဖျော်ဖြေရန်စတင် တီးခတ်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က မတ်တပ်ထရပ်ပြီး ဒီသီးချင်းအားဆက်မတီးခတ်ရန် ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သူတစ်ဦးမှ ပြန်လည်ပြောဆိုခဲ့သည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည် လက်ရှိဖြစ်ပျက်နေသည့် သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ထာဝရငြိမ်းချမ်းရေးစေတီမပြီးမြောက်သေးသည့်ကိစ္စရပ်များကြောင့် ပြီးခဲ့သည့် ရက်အနည်းကပင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးတာဝန်မှ နုတ်ထွက်ရန်ပြောဆိုမှုများဖြစ်ပေါ် ခဲ့ပြီး ယခုကဲ့သို့ ညစာတည့်ခင်းဧည့်ခံရခြင်းမှာ အမြတ်တော်ပြေစေရန် ဖိတ်ကြားခြင်းဖြစ်နိုင်ကြောင်း ကြားသိရသည်။ မြတ်သူရ၊ နေပြည်တော်

Knowledge

ပစ္စည်းတစ်ခုခု ဝယ်တဲ့အခါ ပါလာတဲ့ ဒီအထုပ်လေးတွေကို လုံးဝ လွှင့်မပြစ်ကြပါနဲ့

ပစ္စည်းတစ်ခုခု ဝယ်တဲ့အခါ ပါလာတဲ့ ဒီအထုပ်လေးတွေကို လုံးဝ လွှင့်မပြစ်ကြပါနဲ့ ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြနဲ့နော် (Silica Gel Bags)တွေကိုဘာလို့ လွှင့်မပစ်သင့်တာလဲ မုန့်ဘူးတွေ ကင်မရာဘူးတွေ ဖိနပ်ဘူးတွေထဲမှာ (Silica Gel Bags) လို့ခေါ်တဲ့ ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေ ပါတဲ့ အိတ်လေးကို တွေ့ဖူးကြမှာပါ။ ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလိုလောက်ဘူး အန္တရာယ်ရှိမလားမသိဘူးဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။ သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာ ဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေ ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။(Silica Gel Bags) လို့ခေါ်တဲ့ ဒီအိတ် လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။ […]

Knowledge

“သီတဂူဆရာ​တော်​ဘုရားကြီး၏ ​ တန်ဘိုးရှိ​သောသတိ​ပေးချက်

“သီတဂူဆရာ​တော်​ဘုရားကြီး၏ ​ တန်ဘိုးရှိ​သောသတိ​ပေးချက်​” ===================== “မင်းတို့က ငါ့လာပြောနေ။ ပုဂံကို ယူနက်စကိုတင်ဖို့ အစည်းအဝေး လုပ်တော့ ငါ့ကိုဖိတ်တယ်။ ငါသွားတက်တယ်။ုမြန်မာ့အမွေအနှစ်ကို မြန်မာတွေ မြန်မာ့နည်းနဲ့ ထိန်းနိုင်အောင် လုပ်ရမယ်။ ငါ အဲ့လိုပြောလိုက်တာ ရှေးဟောင်းက ငါ့ကိုနောက်အစည်းအဝေးတွေ ဘာမှ မဖိတ်တော့ဘူး” ဒီစကားကြားကတည်းက အခြေအနေအားလုံးကို နားလည်လိုက်တယ်။ အမြင်မတူရင် ဖယ်ထုတ်ဖို့ပဲ စဉ်းစားနည်း ဟာ မြန်မာပြည်မှာ အသားကျနေပြီ။ ဝေဖန်တာ မကြိုက်။ အဲ့ကတည်းက တာဝန်ရှိတဲ့ ဝန်ကြီး ညွန်ချုပ်စတဲ့ အစိုးရထိပ်ပိုင်းကပုဂ္ဂိုလ်တွေ အနေနဲ့ ပညာပေး (awareness) လုပ်ရမယ်ဆိုတာ နားလည်ပုံမရဘူး။ ပေါ့ပေါ့ပဲတွေးတယ်။ Awareness ဆိုတာ ပြည်သူကိုငါတို့ဘာတွေလုပ်နေလဲ သိလား။ ဒါတွေလိုက်နာဆိုတာလောက်ပဲ သွားပြောရင်ရပြီလို့ လွယ်လွယ်တွေးတယ်။ စေတနာမပါဘူး အလုပ်အပေါ် ပရော်ဖက်ရှင်နယ်မဖြစ်ဘူး။ […]