News

ရန်ကုန်မြို့ ဆယ်မိုင်ကုန်းမှလာ၍ ဂျိုင်းရွာဘက်ခြမ်း ကားလမ်းမှာ နေ့စဉ်ထမင်းဟင်းချက် လှူဒါန်းနေသော ထူးခြားတဲ့အလှူရှင်မိသားစု

ရန်ကုန်မြို့ ဆယ်မိုင်ကုန်းမှလာ၍ ဂျိုင်းရွာဘက်ခြမ်း ကားလမ်းမှာ နေ့စဉ်ထမင်းဟင်းချက် လှူဒါန်းနေသော ထူးခြားတဲ့အလှူရှင်မိသားစု ====================================== 13.Aug.2019 ကျုံဒိုးမြို့ ဂျိုင်းတံတား ဂျိုင်းရွာဘက်ခြမ်း မှာ လမ်းရေကျော်၍ ရက်သတ္တပတ်ခန့် ယာဉ်ကြောပိတ်နေသဖြင့် အခက်အခဲမရှိရလေအောင်…. ထမင်းဟင်းများကို လမ်းတွင်ချက်၍ နေ့စဉ် လှူဒါန်းပေး နေသော ရန်ကုန်မြို့ ဆယ်မိုင်ကုန်းမှ အလှူရှင်ဒေါ်တင်တင်လိုင်+မိသားစုအား ယနေ့မွန်ပြည်နယ် ရေဘေးခရီးစဉ် သွားရင်း တွေ့လိုက်ရသည်။ နေနော်( မြဝတီ ) #HtetAung Credit

News

online မှာ နာမည်​ကြီး​နေတဲ့ တစ်​​သောင်းခွဲတန်​ မုန့်​ဟင်းခါး

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းခွဲ တဲ့ ….Oh my God🙄 ကိုယ်လည်း စူးစမ်းချင်လို့သွားစားကြည့်တာ😬မယုံလို့ အယ်..တကယ်ကြီးတော့်😬 ကိုယ်ကြားဖူးတာနဲ့ စာဖူးတာ က ထောင့်ငါးရာတန်လောက်က အများဆုံးကိုး… နီနီက ခဏခဏ ပြောပြတယ်.. အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့ သူသွားစားတိုင်းပုံလှမ်းလှမ်းပို့ရတာ အမော.. အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ် နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင်…ငါသာဆို စားမနေဘူး မတန်မရာတွေ အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့.. နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့….😊Ok ပေါ့… ဒီနေ့ …ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီထရပါတယ် (ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ) ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ သေးတယ်… (ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့ […]

News

ခေါင်းဆေးကျွန်း(သို)မဏိဇောတကျွန်း ဘာကြောင့် မြစ်ရေမမြုပ်သလဲ

ခေါင်းဆေးကျွန်း(သို)မဏိဇောတကျွန်း ဘာကြောင့် မြစ်ရေမမြုပ်သလဲ *************************** ခေါင်းဆေးကျွန်း °°°°°°°°°°°°° မြတ်စွာဘုရားရှင် ဟင်္သာမင်းဘဝမှာ ဟင်္သာကိုးသောင်း ခြံရံပြီး ဟိမဝန္တာတောကနေ အရှေ့ဘက်ကို အစာရှာ ထွက်ကြတယ်မြေးရဲ့။ အဲ့ဒီတုန်းက မော်လမြိုင်တဝိုက် တောတွေတောင်တွေ အကုန်လုံး ရေပြင်ကြီးပေါ့။ တစ်နေ့တော့ ဟင်္သားကိုးသောင်း ရေပြင်ပေါ်အဖြတ်မှာ မိုးကြီးလေကြီး ကျလာပါလေရော။ မိုးကြောင့် ငှက်တွေ အတောင်စိုပြီး ရေထဲပြုတ်ကျမယ့် ဘေးကိုမြင်တော့ ဘုရားလောင်း ဟင်္သာမင်းက သစ္စာဆိုပြီး တိုင်တည်တယ်။ တောမှာ ကျန်ခဲ့တဲ့အဆွေအမျိုး မိဘဘိုးဘွား အိုမင်းမစွမ်း ဟင်္သာအပေါင်းနဲ့ အရွယ်မရောက်သေးတဲ့ ငှက်ငယ်လေးတွေ ရှင်သန်ရပ်တည်ဖို့ အစာရှာပါတယ်။ ဤသစ္စာစကားမှန်ကန်ခဲ့ပါက ဘေးအန္တရာယ်က ကင်း လွတ်ပါစေပေါ့။ ဟင်္သာမင်းရဲ့သစ္စာစကားကြောင့် သိကြား မင်းက မဏိဇောတပတ္တမြားကို ရေပြင်ပေါ်ပစ်ချပေးပြီး ကျွန်းဖြစ်စေခဲ့တယ်လေ။ ရှေးကဒီကျွန်းကို ” မဏိဇောတကျွန်း […]

News

မတူပီမြို့နယ်ရှိ စာသင်ကျောင်းအချို့တွင် သင်ကြားမည့်ဆရာ မရှိသဖြင့်ပိတ်ထားရ

မတူပီမြို့နယ်ရှိ စာသင်ကျောင်းအချို့တွင် သင်ကြားမည့်ဆရာ မရှိသဖြင့်ပိတ်ထားရဟု ဆို ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ဆရာ၊ ဆရာမ ၃၀၀ ဦးနီးပါးလိုအပ်နေပြီး ကျေးရွာအချို့တွင် ဆရာ မရှိသည့်အတွက် ကျောင်းများပိတ်ထားရကြောင်းသိရသည်။ ဖွဲ့စည်းပုံအရမတူပီမြို့နယ်တွင် ၂၉၃ ဦးလစ်လပ်နေပြီးစာသင်ကြားရေးအတွက် ဆရာ၊ ဆရာမ ၂၇၀ ဦးကျော် လိုအပ်နေကြောင်း မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက ပြောခြင်းဖြစ်သည်။ “ တချို့ရွာတွေမှာလည်း ကျောင်းဆရာ၊ ဆရာမ မရှိဘူး။ အဲဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့ချင်းပြည်မှာက ကျောင်းအဆင့်တိုးတွေကများနေတာ။ ကျောင်းဆရာ၊ဆရာမတွေက တော်တော်များများလိုအပ်တယ်။ နောက်တစ်ခုက ပြည်မကဆရာတွေကရာထူးတိုးနဲ့ ပြည်မပြန်သွားတော့ ဒီမှာက ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်တွေကများသွားတယ်။ တချို့ရွာတွေဆို ဆရာ၊ ဆရာမမရှိလို့ ကျောင်းကို ပိတ်ထားရတာတွေ ရှိတယ်” ဟု ၄င်းက ပြောသည်။ မတူပီမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ဒေသခံအများအပြားရှိနေပြီး […]

News

နေ့လည်ခင်းကြီးတောင် သောင်းကျန်းနေကြတာ မိန်းကလေးတွေ သတိထားကြပါ

နေ့လည်ခင်းကြီးတောင် သောင်းကျန်းနေကြတာ မိန်းကလေးတွေ သတိထားကြပါ —————————————————— ဒီနေ့ 12.8.2019 နေ့လည် 2:09 မိနစ်ခန့်က မန္တလေးမြို့၊ 73 လမ်းနဲ့ သဇင်လမ်းထောင့်မှာ ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးတစ်ယောက်က အခြားဆိုင်ကယ်တစ်စီးနဲ့ငြိပြီး ဟန်ချက်ပျက်ကာ “လုသွားလို့ လုသွားလို့” အော်ပြီး အကူအညီတောင်းနေတာ ကျွန်တော်တို့နဲ့တွေ့လို့ ကျွန်တော့်ကားရယ် အခြားကားတစ်စီးရယ် နှစ်စီးပေါင်းပြီး နောက်ကနေလိုက်ဖမ်းပေးတာ သဇင်လမ်းနဲ့ မိုးသောက်ပန်းလမ်းမှာ တိုက်ဖမ်းတာ လွတ်သွားတယ်။ 68 လမ်းနဲ့ သဇင်လမ်းထောင့်မှာ နောက်တစ်ကြိမ် တိုက်ဖမ်းတာ ” ကျွန်တော်တို့ မဟုတ်ဘူး ကျွန်တော်တို့ မဟုတ်ဘူးဆိုပြီး ” လွတ်အောင်ရှောင်ပြီး မောင်းပြေးသွားတယ်။ လမ်းမှာလည်း တွေ့တဲ့ဆိုင်ကယ်တွေကို အကူအညီတောင်းတာ တစ်ယောက်မှ အရေးမလုပ်ကြဘူး။ ဟိုဘက်ကားကလည်း နောက်ကနေကပ်ပြီး လိုက်ဖမ်းတာ ပေသီးတွေနဲ့ ပြန်ပစ်လို့ ရှေ့လေကာမှန် […]

News

ထိုင်းလွှတ်တော်အမတ်အား သတ်ခဲ့သည့် မြန်မာနိုင်ငံသား အား ဖမ်းဆီး

ထိုင်းလွှတ်တော်အမတ်အား သတ်ခဲ့သည့် မြန်မာနိုင်ငံသား အား ဖမ်းဆီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန်စေ့ အရပ် ၀ုန်စ၀ပ် ၁၉ လမ်း အိမ်နံပါတ် ၄၅၃ မှာနေထိုင်နေသူ ဖုန်စပ် ၀ပ်ထရာနစ်ကို (ဟီယားယူ) အသက် ၇၂ ကို သတ်ပြီး ဆွကြိုး ယူ ထွက်ပြေးသွားခဲ့သူ မြန်မာနိုင်ငံသား မင်းထွေး (ခ) ကိုကို အသက် (၁၉) နှစ်ကို မဟာချိုင် မြို့ မှာ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ တရားခံ မင်းထွေး ကို သေဆုံးသူ လွှတ်တော်အမတ်ဟောင်းက ငှားရမ်းပြီး နေအိမ် ပြုပြင်နေတာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့ သြဂုတ်လ ၁၂ ရက်နေ့ က သေဆုံးသူဟာ နေအိမ်ပြုပြင်နေတာ လာရောက် စစ်ဆေးတဲ့အချိန် […]

News

ဆရာတော်ဦးဝီရသူ ၏ ပိုင်ဆိုင်မှု သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိဟုဆို

ဆရာတော်ဦးဝီရသူ ၏ ပိုင်ဆိုင်မှု သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိဟုဆို . ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူ ၏ ပိုင်ဆိုင်မှုမှာ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိကြောင်း ဆရာတော်၏ ပိုင်ဆိုင်မှုအား ဝရမ်းကပ်ရန်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် စိန်ပန်းရပ်ကွက်အကွက်မှူး ဦးဋ္ဌေးကျော် က ပြောသည် ။ ဆရာတော် ဝီရသူ၏ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဩဂုတ်လ ၉ ရက်နေ့က အမိန့်ချခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းမချိန်က သံဃာ့နာယကဆရာတော်များ၊ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ က မစိုးရိမ်တိုက်သစ်အတွင်းရှိ ဓမ္မသဟာယကျောင်း သို့ သွားရောက်ဆောင်ရွက်ခဲ့သည် ။ “ဆရာတော် ပိုင်တဲ့ဟာ ဘာမှ မရှိဘူး။ သံဃိက ပစ္စည်းတွေလေ ဘုန်းကြီးကျောင်း ကားတွေဘာတွေက ။ […]

News

တနင်္သာရီမြို့နယ်တွင် တပ်မတော်သားတစ်ဦး ရေးဘေးကူညီဆောင်ရွက်ပေးရာမှ ရေစီးနှင့်မျှောပါသေဆုံ

တနင်္သာရီမြို့နယ်တွင် တပ်မတော်သားတစ်ဦး ရေးဘေးကူညီဆောင်ရွက်ပေးရာမှ ရေစီးနှင့်မျှောပါသေဆုံး တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းကျေးရွာတွင် သြဂုတ်လ ၁၂ ရက်နေ့၊နေ့လယ် ၁ နာရီခွဲခန့်က တပ်မတော်သားတစ်ဦး ရေနစ်သေဆုံးကြောင်းသိရပါတယ်။ ညောင်ပင်ကွင်းကျေးရွာ၊ နောက်ကမ်းနှင့် ရှေ့ကမ်းသွားတဲ့လမ်းမှာ ရေ ၄ ပေခွဲခန့်ကျော်နေတာကြောင့် ၅၆၁ တပ်ရင်းမှ ခရီးသွားများအား ကူညီဆောင်ရွက်ပေးရာမှ ရေစီးနှင့်မျှောပါသွားကြောင်း သိရပါတယ်။ “”နောက်ကမ်းကနေ ရှေ့ကမ်းကိုသွားတဲ့လမ်းမှာ ရေက ၄ ပေခွဲလောက်ကျော်နေတယ်။ ခရီးသွားတွေကို ဒေသခံတွေက ကူးတို့လှေလေးနဲ့ပို့ဆောင်ပေးတော့ တပ်မတော်သားတွေက လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးတယ်။ရှေ့ကမ်းရောက်တော့ ၅၆၁ တပ်ရင်းက ဆရာသောင်းဆွေက လမ်းလျှောက်ပြီးရေပြင်ကိုဖြတ်လာရာမှာမျှောပါသွားတယ်။ ချက်ချင်းလိုက်ရှာကြပေမယ့် မတွေ့ဘူး ။ ည ၆ နာရီလောက်မှာ ညောင်ပင်ကွင်းနောက်ကမ်းကအမျိုးသားတစ်ဦးက အလောင်းတွေ့တယ်””လို့ ညောင်ပင်ကွင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။ တနင်္သာရီမြစ်ရေ ကြီးနေတာကြောင့် ညောင်ပင်ကွင်းရှေ့ကမ်းနှင့်နောက်ကမ်းတွင် […]

News

သမ္မတ အိပ်မက်အရတည်တဲ့ ရှေးဟောင်းစေတီတော်

သမ္မတ အိပ်မက်အရတည်တဲ့ ရှေးဟောင်းစေတီတော် ************************************** ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတောင်ပြိုတဲ့နေရာမှာ အံ့သြဖွယ်ရာ မတိမ်းမစောင်း တည်ရှိနေခဲ့တဲ့ စေတီတော်မြတ်ကို ဓာတ်ပုံတွေထဲမှာဖူးမြင်ပြီးကြ ဖြစ်ပါလိမ့်မယ် … . အဲ့ဒီ စေတီတော်ဟာ သမ္မတဟောင်း စိန်လွင်၏ အိပ်မက်အရ ရှေးဟောင်း စေတီတစ်ဆူကို ပြန်လည်မွမ်းမံကာ သမ္မတဟောင်း ဦးစိန်လွင် ဒါယကာပြုတည်ထားခဲ့သော စေတီတော် ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိရပါတယ် … . တောင်ပြိုကျမှုတွင် ပျံတော်မူသွားသော ဦးဇင်းကြီးသည် သမ္မတဟောင်း ဦးစိန်လွင်၏ ညီဝမ်းကွဲ တော်စပ်သည်ဟု လည်း သိရပါတယ် … . ဥတ္တရာရာမကျောင်းတိုက်အတွင်း တောင်ပြိုကျမှု ဘေး အန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း ခန္ဓာကိုယ်အနှံ့ အပြား ဒဏ်ရာတွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင် အခန်း (၂) တွင် […]

News

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့အလှူ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့အလှူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်းလှူဒါန်းထားတဲ့ အသက်ကယ်အင်္ကျီတွေ ၊ စားသောက်ဖွယ်ရာတွေကို ထိုင်းကားပေါ်တင်နေပါပြီ။ နောက်နေ့မနက် မြ၀တီကိုရောက်ပါမယ်။ အဲ့ကနေမှ ကိုဝေဠုကျော် WLKဖောင်ဒေးရှင်းနဲ့ AACပူးပေါင်းအဖွဲ့ဆီကိုပို့ပြီး လိုအပ်နေတဲ့ နေရာတွေကို ချက်ချင်းဖြန့်ဝေပေးသွားမယ်လို့ သတင်းရရှိပါတယ်။   9 Credit