Sport

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့်သုံးဆင့် မြင့်တက်

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့်သုံးဆင့် မြင့်တက် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ယခုတစ်ပတ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်သုံးဆင့် မြင့်တက် လာပြီး ကမ္ဘာ့အဆင့် (၈၃) ၌ ရပ်တည်နေသည်။ သက်ထားသူဇာသည်ဇူလိုင် နောက်ဆုံးပတ်က နိုင်ဂျီးရီးယားနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲရှုံး ထွက်ပထမအဆင့်တွင် ဗီယက်နမ်ကစားသမား သီထရန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ သို့သော် ယခုတစ်ပတ်တွင် ပြိုင်ဘက်ကစားသမားများ၏ပြိုင်ပွဲများ ဝေးကွာနေသဖြင့် သက်ထားသူဇာက အဆင့်မြင့်တက်ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ထုတ် ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်၌ သက်ထားသူဇာသည် ယခင်တစ်ပတ်က ရပ်တည်ချက် အဆင့် (၈၆) ထက် သုံးဆင့်မြင့် တက်လာသည်။ သက်ထားသူဇာသည် ၂၀၂၀ တိုကျို အိုလံပစ်ကြက် တောင်ပြိုင်ပွဲ […]

Sport

ဘက်ဇင်စကီးကို မြန်မာလက်ဝှေ့အရသာသိအောင် အလဲထိုးမည်ဟု ဒေ့ဗ်ပြော

ဘက်ဇင်စကီးကို မြန်မာလက်ဝှေ့အရသာသိအောင် အလဲထိုးမည်ဟု ဒေ့ဗ်ပြော ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ (WLC-9) ပြိုင်ပွဲမှာ ပြိုင်ဘက် ဘက်ဇင်စကီးကို မြန်မာလက်ဝှေ့ရဲ့ အရသာသိအောင် အလဲထိုး အနိုင်ယူသွားမယ်လို့ ဒေ့ဗ်လက်ဒက်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံးပွဲအပြီးမှာ ဒေ့ဗ်ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ရခဲ့ဖူးတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်ဟာ အမေရိကန်နိုင်ငံသား ဘက်ဇင်စကိး နဲ့ လာမယ့် သြဂတ် ၂ ရက်နေ့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ King of Nine Limbs လို့ အမည်ပေးထားတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပွဲစဉ်မှာ Cruiser Weight တန်း ချန်ပီယံရွှေခါးပတ်လုပွဲအဖြစ် ဒေ့ဗ်နဲ့ ဘက်ဇင်စကီးတို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ ဒေ့ဗ် နဲ့ ထိုးသတ်မယ့် အသက် […]

Sport

အောင်လအန်ဆန်နှင့် ဗီရာတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကျင်းပမည့်ရက် အတည်ပြုထုတ်ပြန်

အောင်လအန်ဆန်နှင့် ဗီရာတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကျင်းပမည့်ရက် အတည်ပြုထုတ်ပြန် ONE Championship သည် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန် နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့်ပြိုင်ပွဲ တွင် အောင်လအန်ဆန်နှင့် ဘရန်ဒါဗီရာတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အခြားဝိတ်တန်း နှစ်ခု၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။ ONE ၀ိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်နှင့် ဖိလစ်ပိုင်နိုင် ငံသား ဘရန်ဒါဗီရာတို့ ထိုးသတ်မည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန် ပီယံကာကွယ်ပွဲကျင်းပမည့်ရက်ကို ONE Championship က ထုတ်ပြန် လိုက်ပြီဖြစ်ကြောင်း သိရသည်။ ONE Championship သည် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန် နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့်ပြိုင်ပွဲ တွင် အောင်လအန်ဆန်နှင့် […]

Sport

၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ တတိယအဆင့်ကို မြန်မာအမျိုးသမီးအသင်း တက်လှမ်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲကို အိမ်ရှင်ဂျပန်အပါ အ၀င် အာရှက အသင်း ၅ သင်းပါဝင်ခွင့်ရမှာ ဖြစ်ပြီး လက်ကျန် တတိယအဆင့်မှာ လေးနေရာစာအတွက် ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့ ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ညနေမှာ ကစားခဲ့တဲ့ အိန္ဒိယ လက်ရွေးစင်အသင်းနဲ့ပွဲမှာ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီးနောက် မြန်မာ အသင်းဟာ ၂ ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၇ မှတ်ရရှိပြီး အိန္ဒိယအသင်းနဲ့ ရမှတ်တူအနေအထားမှာ ရဂိုး အသာရ မှုနဲ့ တတိယအဆင့်ကို တက်လှမ်းခဲ့တာပါ။ မြန်မာအသင်းအနေနဲ့ ယခု ဒုတိယအဆင့် အုပ်စုတွင်းမှာ […]

Sport

အောင်ပွဲခံပြီးနောက်ပိုင်း ဇနီးချောလေးနဲ့ ဘန်ကောက်မှာ အနားယူနေတဲ့ ​အောင်​လအန်​ဆန်

အောင်ပွဲခံပြီးနောက်ပိုင်း ဇနီးချောလေးနဲ့ ဘန်ကောက်မှာ အနားယူနေတဲ့ ​အောင်​လအန်​ဆန်​ မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။ အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ အောင်လအန်ဆန်ကတော့ လတ်တလောမှာပဲ ဂျပန်လူမျိုး ဟာဆဲဂါဝါကို ၂ချီမြောက်နဲ့ အနိုင်ထိုးသတ်နိုင်ခဲ့ပါသေးတယ်။ ခါးပတ်ကို အစွမ်းကုန်ကာကွယ်ပြီးနောက်ပိုင်းမှာတော့ အောင်လက ဇနီးချောလေးနဲ့အတူ ဘန်ကောက်မှာ အနားယူနေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဇနီးချောလေးနဲ့ ဘန်ကောက်မှာ အနားယူနေတဲ့ အောင်လအန်ဆန်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အောင်လအန်ဆန်ရဲ့ ဇနီးချောလေး Katie ကလည်း ခင်ပွန်းကို အပြည့်အဝ ပါရမီဖြည့်ပေးနေတဲ့ လက်တွဲဖော်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ လွတ်လပ်ပျော်ရွှင်စွာ တွေ့မြင်ရတဲ့ မြန်မာ့စပါးအုံးမြွေကြီး […]

Sport

အားကစားစိတ်ဓာတ်အပြည့်နဲ့ နူးညံ့တဲ့နှလုံးသားကို လှစ်ဟပြခဲ့တဲ့ အောင်လအန်ဆန်

အားကစားစိတ်ဓာတ်အပြည့်နဲ့ နူးညံ့တဲ့နှလုံးသားကို လှစ်ဟပြခဲ့တဲ့ အောင်လအန်ဆန် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားတွေဟာ ကြိုးဝိုင်းအတွင်း မည်သည့်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရသည်ဖြစ်စေ အနိုင်ရရှိရေးအတွက် ရေကုန်ရေခမ်း မညှာစတမ်း ယှဉ်ပြိုင်တိုက်ခိုက်ရလေ့ရှိပါတယ်။ အားကစားမှာ ညီအစ်ကို၊ မိတ်ဆွေဆိုတာ မရှိပါဘူး။ ပြိုင်ပွဲယှဉ်ပြိုင်နေပြီဆိုရင် ပြိုင်ဘက်ကို ကြမ်းပြင်ပေါ်လှဲသိပ်နိုင်ရေးအတွက် သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကိုအသုံးပြုတိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ မိမိကြောင့် ပြိုင်ဘက်ဖြစ်သူ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားခဲ့ရင်တော့ အားကစားသမားပီသစွာ၊ လူသားတစ်ယောက်ပီသစွာနဲ့ ဖေးမနှစ်သိမ့်လေ့တာက ချစ်စရာလုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အားကစားသမားတိုင်း ဒီလိုလုပ်နိုင်တာမျိုးတော့လည်း မဟုတ်ပါဘူး။ လူသားပီသူ၊ ပြိုင်ဘက်အပေါ် လေးစားမှုရှိပြီး အားငယ်သူတွေ အားပေးတတ်သူ၊ အားကစားသမားစိတ်ဓာတ်အပြည့်ရှိသူ၊ ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသူတွေသာ လုပ်နိုင်တာမျိုးပါ။ ပြီးခဲ့တဲ့မတ်လ(၃၁)ရက်က တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ONE CHAMPIONSHIP:A NEW ERA ပွဲကြီးမှာ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်က အိမ်ရှင် […]

Sport

အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေကြောင့် နံရိုးကျိုးသွားတဲ့အထိဖြစ်သွားခဲ့ရပြန်တဲ့ ဂျပန်ဖိုက်တာခန်ဟစဲ့ဂါဝါ

အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေကြောင့် နံရိုးကျိုးသွားတဲ့အထိဖြစ်သွားခဲ့ရပြန်တဲ့ ဂျပန်ဖိုက်တာခန်ဟစဲ့ဂါဝါ မတ်လ ၃၁ ရက်နေ့ မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။ ပွဲစစခြင်းကတည်းက တိုက်စစ်ဖွင့် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ထိုးကွက်တွေက ပြိုင်ဘက်ဖိုက်တာ ခန်ဟစဲဂါဝါကို အထိနာစေခဲ့ပြီး ဒုတိယအချီပြီးဆုံးရန် စက္ကန့်ပိုင်းအလိုမှာပဲ ညာလက်သီးအားပြင်းပြင်းဖြင့် အလဲထိုးအဆုံးသတ်ခဲ့ပြီး ကြည့်ရှု့သူတွေကို ကျေနပ်စေခဲ့တာတွေ့ရပါတယ်။ အပြင်စား ခြေကန်ချက်တွေကြောင့် ခြေထောက်နဲ့ နံတွေပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆေးရုံပေါ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ​ဆေးစစ်ချက်တွေအပြီး […]

Sport

ဟာဆဲဂါဝါ ဟာ အောင်လ အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘူး

အောင်လ အန်ဆန် ကတော့ မြန်မာ ဆိုတဲ့ အမည် ကို ချန်ပီယံ ဆု မှာ နောက် တစ်ကြိမ် ရေးထိုး နိုင် ခဲ့ ပြန်ပါပြီ ။ ဒီ တစ်ကြိမ် မှာတော့ မြန်မာ့ မြေ ပေါ် မှာ မဟုတ် ပါဘူး ။ မြန်မာ ပရိသတ်တွေ နည်းနိုင် တဲ့ ( အရှေ့ တောင် အာရှထက် ) ဂျပန် နိုင်ငံ မှာ သွားပြီး အနိုင် ကစား ခဲ့ ပါတယ် ။ ဒီ အတွက် အောင်လ ကို ဂုဏ် မပြု ပဲ မနေ နိုင် ပါဘူး […]