News

ဧပြီ ၁ ရက်နေ့ဖွင့်မည့် ထီလက်မှတ်အုပ်ရေ ၆ သိန်းခွဲ ရောင်းမကုန်သောကြောင့် ဆုမဲထွက်လာခဲ့ပါက ပြန်လည်ဖွင့်လှစ်ပေးမည်

လာမယ့် ဧပြီ ၁ ရက်နေ့ ဖွင့်မယ့် ထီလက်မှတ်တွေထဲက အုပ်ရေ ၆ သိန်းခွဲလောက် မရောင်းခဲ့ရဘဲ အဲဒီနံပါတ်တွေ ဆုမဲထွက်လာခဲ့ရင် ပြန်ဖွင့်လှစ်ပေးမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီအုပ်ပေါင်း ၉၈၁,၈၆၁ အုပ် ရောင်းချခဲ့ရာမှာ အုပ်ရေ ၂၀၃,၄၄၈ အုပ် ရောင်းမကုန်ဘဲ ကျန်ခဲ့ပါတယ်။ ၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာတော့ အုပ်ပေါင်း ၃,၂၇၂,၇၂၀ ရောင်းခဲ့ပေမယ့် အုပ်ရေ ၄၃၅,၅၇၇ ရောင်းမကုန်ခဲ့ဘူးလို့ ဆိုပါတယ်။ကျပ် ၅၀၀ တန်ထီအတွက် ဆုငွေ ကျပ်သိန်းပေါင်း ၂,၃၃၅၀ ကျော်၊ ကျပ် ၁၀၀၀ တန်ထီအတွက် ကျပ်သိန်းပေါင်း ၁၇၀,၂၂၀ ကျော် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရောင်းမကုန် […]

News

ဟဲဗီးဝိတ် ချန်ပီယံကြီးဗီရာနဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်ဖို့ သဘောတူလိုက်တဲ့ အောင်လအန်ဆန်း

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်းဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် […]

Uncategorized

ဂျပန်ပြိုင်ပွဲတွင် Ken Hasegawa ကို လျင်မြန်စွာ ပွဲသိမ်းမည်အနိုင်ယူမည်ဟု အောင်လအန်ဆန် ပြောဆို

မြန်မာ့ စပါးအုံး အောင်လအန်ဆန် သည် (ONE Championship) သမိုင်း၏ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားရတော့မည်ဖြစ်သည်။ မတ်လ (၃၁) ရက်နေ့တွင် ကျင်းပမည့် (ONE: A NEW ERA) ပြိုင်ပွဲကြီး ၏ ဒုတိယ အဓိကတွဲဆိုင်း တွင် အောင်လအန်ဆန် က ဂျပန် ကစားသမား Ken Hasegawa ကို ရင်ဆိုင်ယှဉ်ပြိုင်ကာ ပရိသတ်ရှေ့မှောက်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာရန် စောင့်စားလျက်ရှိသည်။ အဆိုပါပြိုင်ပွဲသည် အောင်လ၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ကြမည့် ပွဲဖြစ်သည်။ ၎င်းတို့ နှစ် ဦးသည် တစ်ဦး၏ တိုက်ခိုက်မှုစွမ်းရည်ကို တစ်ဦးက ကောင်းစွာသိထားကြသူများဖြစ်သည့်အတွက် ဤပြိုင်ပွဲကြီးသည် ၎င်းတို့ နှစ်ဦးတွေ့ဆုံခဲ့သော ယမန်နှစ်က ပြိုင်ပွဲကဲ့သို့ပင် […]

News

၉ ထပ်ကြီးဘုရားနားမှာတွေ့ခဲ့တဲ့ မြေးလေးကိုဆေးကုချင်လို့ဆိုတဲ့ အဘွား

အခု လေးတင် ၉ ထပ်ကြီးဘုရားနာမှာ တွေ့ခဲ့တာပါ ။ ကောင်မလေး က မသန်တဲ့အပြင် စိတ်ရောဂါသည်လေးပါ ။အဖွားမှာလည်း ငိုနေရှာတယ် မြေးဘွား ၂ ယောက်တော်တော် အဆင်မပြေလို့ လာတောင်းတာပါတဲ့ … မြေးလေး ကိုဆေးကုချင်လို့ပါတဲ့ ….ကိုယ်သွားတော့ အဲ့ညီမလေးက ထိုင်ရယ်နေတယ် ပိုက်စံ 20000 ပေးတာတော်တော်ပျော်နေရှာတယ် ။သွားလာရင်းတွေ့တာဆိုတော့ အိတ်ထဲလည်းသိပ်မပါဘူး။ နောက်ထပ်လာလှူချင်ရင်ဘယ်လိုလုပ်ရမလည်း Ph no ပေးပါဆိုတော့ မရှိလို့ပါတဲ့ အရမ်းရိုးသားကြတယ်။ စိတ် ထဲ အရမ်းလှူချင်စိတ်ပေါက်သွားလို့ 20000 လှူခဲ့ပါတယ် ။ We Are Myanmar အဖွဲ့သားတွေ သာဓုခေါ်နိုင်အောင် အဖွဲ့ဝင်တွေကိုယ်စား လှူပေးခဲ့ပါတယ်နော်…. ပထမ ဓာတ်ပုံမရိုက်ပဲ နေမလို့ပါ …အလှူရှင်ထပ်ရအောင် ခွင့်ပြုချက်တောင်းပြီးရိုက်လိုက်တာပါ…. ခု ၉ ထပ်ကြီး […]

News

သတိ​ပေး ​ကြေညာချက်​ ဒီရက်​ပိုင်းအတွင်း မိန်းကေ​လး ​တွေ​ရော ​ယောကျာ်း​လေး ​တွေ​ရော ညဘက်​ကိုအတတ်​နိုင်​ဆုံး မထွက်​ပဲ အိမ်​မှာပဲ​နေကြပါ

သတိ​ပေး ​ကြေညာချက်​ ဒီရက်​ပိုင်းအတွင်း မိန်းကေ​လး​တွေ​ရော ​ယောကျာ်း​လေး​တွေ​ရော ညဘက်​ကိုအတတ်​နိုင်​ဆုံးမထွက်​ပဲ အိမ်​မှာပဲ​နေကြပါ၊ယခုအခါမှာအထက်​က အထူးစုံစမ်း​ရေးအဖွဲ့နဲ့ မူးယစ်​ကိုနှိမ်​နှင်း​နေကြပါတယ်​၊ကိုယ်​မသုံးစွဲထားရင်​​တောင်​ အရက်​​အရမ်း​မူး​နေလျှင်​ ပါးစပ်​အနံ့ထွက်​ခိုင်းတာ​တွေ စစ်​​ဆေးခြင်း​တွေခံရမှာဖြစ်​ပြီး အ​ခြေအ​နေဆိုးရင်​ စခန်းကိုခေါ်ပြီး စစ်​​ဆေး​မေးမြန်း​နေပါတယ်​၊ ည ဘက်​၁၀နာရီဆို ​နေရာတိုင်းမှာ ရဲ​တွေဖြန့်​ထားပါတယ်​ ​ယောကျာ်း​လေးဆို အကျီချွတ်​ပြရပြီး ​ဆေးလိပ်​ပါရင်​​တောင်​ ​ဆေးလိပ်​အနံ့ ကို​သေချာစစ်​​ဆေး​ပါတယ်​ ၊ညဘက်​ထွက်တဲ့အခါ ကိုယ်​မသိတဲ့သူ​တွေနဲ့ အတူတူရှိမ​နေဖို့လဲသတိ​ပေးချင်​ပါတယ်​၊ ကိုယ့်​အဖွဲ့ထဲကလူထဲမှာ တစ်​ခုခုရှာ​ဖွေ​တွေ့ရှိသွားသည်​ဖြစ်​​စေ တိုင်​သူရှိ၍ဖြစ်​​စေ ကိုယ်​ပါကြားထဲကပြဿနာထဲကျ​ရောက်​နိုင်ပါတယ်​ ၊ အ ခုက အစိုးရကိုယ်​တိုင်​က မူးယစ်​ကိုအထူးနှိမ်​နှင်း​နေတာ​ကြောင့်​ ကွင်းဆက်​ထဲမိသွားရင်​ ပြန်​ထွက်​ဖို့နည်းလမ်းမရှိပါဘူး အားလုံးအထူးဂရုပြုကြပါShare ခြင်းဖြင့်​ကိုယ့်​သူငယ်​ချင်းမိတ်​​ဆွေ​တွေကို သတိပြု​ပေးပါ၊ Credit-Htay Aung

Cele News

မိန်းမချော ကာရိုက်တာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းကြတယ်ဆိုတဲ့ သံသာမိုးသိမ့်

သံသာမိုးသိမ့်ကတော့ အခုလက်ရှိ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ကျွန်မက မဟေသီ ဆိုတဲ့ ကားမှာ ဗီလိန်နေရာက သရုပ်ဆောင်ပြီး ပရိသတ်မုန်းလောက်အောင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ နဲ့ မိန်းမချော ဆိုတဲ့ကာရိုက်တာနဲ့ မင်းသမီးချောလေး တစ်ယောက်ပါ ။ သူမရဲ့ သရုပ်ပီပြင်လှတဲ့ ဗီလိန် ကာရိုက်တာကြောင့် မုန်းတဲ့ ပရိသတ်တွေရှိသလို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။ လတ်တလောမှာတော့ ကျော်ထက်ဇော်နဲ့ အချစ်ဖွဲ့လေညင်း ဆိုတဲ့ စီးရီးတွဲလေးကို ထိုင်းဒါရိုက်တာနဲ့ရိုက်ကူးနေတယ်လို့သိရပါတယ် ။ ပင်းတယမှာ တစ်လခွဲ ရန်ကုန်မှာလေးလ နေပြည်တော်မှာ တစ်လ ရိုက်ကူးပြီး ၈လပိုင်းမှာလောက်မှာ ဒီစီးရီးလေးပြီးမယ်လို့သိရပါတယ် ။ မိန်းမချော ကာရိုက်တာနဲ့ ပရိသတ်တွေကြားမှာပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ လာကမ်းလှမ်းကြတဲ့အတွက် အရမ်းဝမ်းသာသလို အခွင့်အရေးရရင်လည်း လုပ်မှာပါလို့ သူမ က […]

Cele News

ဘယ်တုန်းကမှ စပွန်ဆာမထားခဲ့ဘူးဆိုတဲ့ ခေးဆက်သွင်

ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ခေးဆက်သွင်က ကောလာဟလထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းထားတာတွေ့ရပါတယ်။ ခေးဆက်သွင်က ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာတာတွေ့ရပါတယ်။ သူမအနေနဲ့ ဘယ်တုန်းကမှ စပွန်ဆာမထားခဲ့သလို ဘယ်အိမ်ထောင်ရှင်ယောက်ျားနဲ့မှ မပြစ်မှားခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။ “တစ်သက်လုံး သေတဲ့အထိ မှတ်ကြပါ ခေးဆက်သွင်က ဘယ်တုန်းကမှ Sponsor မထားခဲ့ပါဘူး ဘယ် အိမ်ထောင်ရှိယောကျာ်းကိုမှ မပြစ်မှားခဲ့ပါဘူး။ ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေးနဲ့နေခဲ့ စားခဲ့တာ မရှိပါဘူး။ ရလိုစိတ်နဲ့ဘယ်တုန်းကမှ မတောင်းခဲ့ပါဘူး ဒီအနုပညာလမ်းကိုလျှောက်ဖို့ တစ်နေ့ထမင်းနှစ်နပ်စားရဖို့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ဖို့အတွက် ခန္ဓာကိုယ်ရင်းတဲ့အလုပ် သေသည်အထိ မလုပ်ပါဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သူမအနေနဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလေ့ မရှိပေမယ့်လည်း မရှင်းတာကြာရင် စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ စကားဝိုင်းမှာ အမှန်တရားဖြစ်သွားမှာစိုးလို့ ဖြေရှင်းခဲ့တာလို့ […]

Cele News

အပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ မအေးသောင်း

အနုပညာလောကကို တဖန်ပြန်လည်ဝင်ရောက်လာပြီး မုန်းစွဲဇာတ်ကားမှ ကြာဥကာရိုက်တာနဲ့ ပီပီပြင်ပြင် ကြိုးကြိုးစားစားဇာတ်ရုပ်နဲ့ လိုက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မအေးသောင်းကတော့ ပရိတ်သတ်တွေရင်ထဲက ပေးထားတဲ့ အကယ်ဒမီမင်သမီးတစ်ဦးပဲဖြစ်ပါတယ်။လက်ရှိ ပရိတ်သတ်တွေအမြဲစိတ်ဝင်တစားဖြစ်နေတဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားလဲဆိုတာရယ် သူမအနေနဲ့ ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတဲ့အပေါ် သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။ “ပေါက်စီ အခု မုန်းစွဲဇာတ်ကားက ကြာဥဇာတ်ရုပ်နဲ့ လိုက်တယ်လို့ ပရိတ်သတ်တွေ ပြောကြတယ်။ အပြင်မှာလည်း အရမ်းချစ်တတ်ပါတယ် ချစ်တတ်လွန်းလို့ အပျိုကြီးဖြစ်နေတာ ကိုယ်က တအားကိုချစ်တတ်တော့ လိုချင်တာတွေ တအားများတယ် အဲ့တော့ အရမ်းချစ်တယ် ပိုင်ဆိုင်ချင်တာများတယ် လောဘလည်းကြီးတယ် အဲ့ဒါကြောင့် ချစ်သူမရတာထင်ပါတယ်”လို့ သူမဟာ အခုလက်ရှိမှာတော့ အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်ကို ထိန်းထားဆဲဖြစ်ပါတယ်။ “အကဲဖြတ်အဖွဲ့နဲ့ ပရိသတ်တွေထပ်တူမကျတဲ့အပေါ်မှာတော့ ပေါက်စီ အနေနဲ့ လူတစ်ယောက်ချင်းစီရဲ့စဉ်းစား တွေးခေါ်ပုံချင်းမတူလို့ အားလုံးခြုံပြီးပြောရရင်တော့ ကိုယ့်ကို […]

Health

ကန်စွန်းဥရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေ

အရသာချိုချိုလေးနဲ့ ကန်စွန်းဥပြုတ်ဟာ မြန်မာတွေအတွက်တော့ မုန့်တစ်ခုလိုပါပဲ။ ကန်စွန်းဥကို ကြော်စားရင်လည်း စားလို့ကောင်းတယ်။ လူကိုလည်း အာဟာရဖြစ်စေလို့ မနက်စာမှာထည့်စားပေးသင့်ပါတယ်။ ကန်စွန်းဥမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုကောင်းစေတယ်။ ကန်စွန်းဥ ၃.၅ အောင်စမှာ ဗီတာမင် A ပါဝင်မှုက ၁၀၀ မှ ၁၆၀၀ မိုက်ခရိုဂရမ် ရှိတာမို့လို့ တစ်နေ့တာဗီတာမင် A လိုအပ်တဲ့ပမာဏရဲ့ ၉၀% ကို ဖြည့်ပေးလိုက်သလိုပါပဲ။ ဗီတာမင် C လည်း ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ အနာကျက်မြန်စေပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေပါတယ်။ သူ့ရဲ့အရသာက ချိုပေမဲ့ ဆီးချိုဖြစ်စေတဲ့အရာတော့ မဟုတ်ပါဘူး။ Medical News Today ရဲ့ ဖော်ပြချက်အရ ကန်စွန်းဥဟာ glycemic ညွှန်းကိန်းပါဝင်မှု နည်းတယ်လို့ […]

News

အစိုးရဝန်ထမ်းများ ပင်စင်ယူပြီးပါက နေစရာအိမ်ပါရရှိတော့မည်

အစိုးရဝန်ထမ်းများအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ရုံးဌာနအသီးသီးမှ ပင်စင်ယူပြီးပါက နေစရာနေရာ ကိုယ်ပိုင်အိမ်ရရှိမည့် အစီစဉ်တစ်ရပ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနမှ ဆောက်လုပ်ရေးဝန်ကြီးဌါနနှင့် ပူပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံအဝှမ်းရှိ ဝန်ထမ်းများအားလုံး၊ စစ်ဘက် ရဲဘက် အမှုထမ်းအရာထမ်းများအားလုံးအတွက် ပင်စင်ယူသွားပြီးနောက် နေစရာနေရာအတွက် ပူပင်ကြောင့်ကြမှု မရှိစေရပဲ ကိုယ်စီကိုယ်ငှ အိမ်ယာပိုင်ဆိုင်နိုင်စေရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြေနေရာ၊ လျှပ်စစ်၊ အခြေခံအဆောက်အဦနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြပြီး အခက်အခဲများစွာ ရှိနေသည်မှန်သော်ငြားလည်း မဖြစ်မနေ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။အဆိုပါအစီအစဉ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌါနတို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။