News

သမ္မတ အိပ်မက်အရတည်တဲ့ ရှေးဟောင်းစေတီတော်

သမ္မတ အိပ်မက်အရတည်တဲ့ ရှေးဟောင်းစေတီတော် ************************************** ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတောင်ပြိုတဲ့နေရာမှာ အံ့သြဖွယ်ရာ မတိမ်းမစောင်း တည်ရှိနေခဲ့တဲ့ စေတီတော်မြတ်ကို ဓာတ်ပုံတွေထဲမှာဖူးမြင်ပြီးကြ ဖြစ်ပါလိမ့်မယ် … . အဲ့ဒီ စေတီတော်ဟာ သမ္မတဟောင်း စိန်လွင်၏ အိပ်မက်အရ ရှေးဟောင်း စေတီတစ်ဆူကို ပြန်လည်မွမ်းမံကာ သမ္မတဟောင်း ဦးစိန်လွင် ဒါယကာပြုတည်ထားခဲ့သော စေတီတော် ဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိရပါတယ် … . တောင်ပြိုကျမှုတွင် ပျံတော်မူသွားသော ဦးဇင်းကြီးသည် သမ္မတဟောင်း ဦးစိန်လွင်၏ ညီဝမ်းကွဲ တော်စပ်သည်ဟု လည်း သိရပါတယ် … . ဥတ္တရာရာမကျောင်းတိုက်အတွင်း တောင်ပြိုကျမှု ဘေး အန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း ခန္ဓာကိုယ်အနှံ့ အပြား ဒဏ်ရာတွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင် အခန်း (၂) တွင် […]

News

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့အလှူ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့အလှူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်းလှူဒါန်းထားတဲ့ အသက်ကယ်အင်္ကျီတွေ ၊ စားသောက်ဖွယ်ရာတွေကို ထိုင်းကားပေါ်တင်နေပါပြီ။ နောက်နေ့မနက် မြ၀တီကိုရောက်ပါမယ်။ အဲ့ကနေမှ ကိုဝေဠုကျော် WLKဖောင်ဒေးရှင်းနဲ့ AACပူးပေါင်းအဖွဲ့ဆီကိုပို့ပြီး လိုအပ်နေတဲ့ နေရာတွေကို ချက်ချင်းဖြန့်ဝေပေးသွားမယ်လို့ သတင်းရရှိပါတယ်။   9 Credit

News

ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှု ပုံမှန်အတိုင်း ပြန်ဖြစ်ပြီ

ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှု ပုံမှန်အတိုင်း ပြန်ဖြစ်ပြီ ***************************** မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှုသည် သြဂုတ် ၁၁ ရက် မွန်းလွှဲပိုင်းက ရုတ်တရက်ပြတ်တောက်သွားခဲ့သည့်အတွက် ရေတံခွန်မှ ရေပြန်လည်စီးဆင်းနိုင်ရန် ပညာရှင်များနှင့် သက်ဆိုင်ရာအဖွဲ့များ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ကြရာ ယနေ့(သြဂုတ် ၁၂) နံနက် ၁၁ နာရီခန့်တွင် ပုံမှန်အတိုင်း ရေတံခွန်မှ ရေပြန်လည်စီးဆင်းနေပြီဖြစ်ကြောင်း ကနေဦးသတင်းရရှိသည်။ #Mandalay_News Credit

Cele News

” ဂရိ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ငွေတံဆိပ် ရရှိ “

” ဂရိ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ငွေတံဆိပ် ရရှိ ” ဂရိ နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာသည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သော်လည်း မလေးရှားကစားသမားကို ရှုံးနိမ့်ခဲ့သဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သြဂုတ် ၁၁ ရက်က ကျင်းပသည့် Greece Hellas Open 2019 ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် မလေးရှားကစားသမား ကီဆိုနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး (၂၁-၁၄) (၂၁-၉) မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်ပထမအဆင့်တွင် ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် ပိုလန်ကစားသမားကို နှစ်ပွဲပြတ်၊ ကွာတားအဆင့်တွင် ယူကရိန်းကစားသမားကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲတွင် ပြင်သစ်ကစားသမားကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ […]

News

ရေဘေးအတွက် စုထားတာထုတ်လှူ, ရှိတာလေး ရောင်းလှူတဲ့ ကိုရင်လေးများ…

ရေဘေးအတွက် စုထားတာထုတ်လှူ, ရှိတာလေး ရောင်းလှူတဲ့ ကိုရင်လေးများ… သံဃာတော်များရဲ့ စေတနာ၊ကရုဏာ၊မေတ္တာတွေဟာဒကာ/မတို့အတွက် အမြဲအသင့်ရှိနေတတ်တယ်။ရေဘေးဒဏ်သင့်ဒကာ/မတွေကိုထောက်ပန့်လှူဒါန်းချင်လို့ ကိုရင်ငယ် စာသင်သားတွေ စုထား သိမ်းထားတဲ့ နဝကမ္မအနုတ်လေးတွေကို ထုတ်နေတာပါ။တချို့ကတော့ကျောင်းပိတ်ရက်ရွာပြန်ရင် ဝတ်မယ်ဆိုတဲ့အတွေးနဲ့ သေတ္တာထဲသေခြာသိမ်းထားတဲ့ သင်္ကန်းလေးကိုတောင် ခဝါသည်ဆီ ဈေးနှိမ်ခံပြီးရောင်းလှူတယ်။ ကိုရင်တပါးဆိုရင် သူမှာထောက်ပံ့လှူစရာ ဝတ္ထုလည်းမရှိ ရောင်းစရာသင်္ကန်းလည်းမရှိတော့ ရှိတဲ့ဆပ်ပြာတွေ ဆပ်ပြာမှုန့်တွေကို ကျောင်းရှေ့က ဈေးဆိုင်မှာ သွားရောင်းပြီး လာလှူတယ်။ဒါကို ဘေးကမြင်တဲ့ဒကာမက ကိုရင်လုပ်ပြီး သူများလှူထားတဲ့ဆပ်ပြာတွေကို ရောင်းစားတယ် အတော်လောဘကြီးတဲ့ကိုရင်ဆိုပြီး လာတိုင်(လျှောက်)လို့ ကိုရင်ကိုခေါ်မေးစစ်တော့ “ခုနက ရေဘေးလှူဖို့တပည့်တော် ထည့်တဲ့ ၁၂၀၀ က ဆပ်ပြာရောင်းလို့ရတဲ့ ပိုက်ဆံပါဘုရားတဲ့ ” လာတိုင်(လျှောက်) တဲ့ ဒကာမတော့မသိဘူး ကိုယ်တော့ စိတ်ထဲ ကြည်နူးသလို ဝမ်းနည်းသလိုနဲ့ လှိုက်ကနည်းဖြစ်သွားတယ်။ အခုနောက်ပိုင်း ရှုဒေါင့်ပေါင်းစုံကနေ သံဃာကိုအပြစ်မြင် […]

News

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုမှု၌ နစ်မြုပ်ခဲ့သည့် အိမ်ထောင်စုစာရင်း (အကျဉ်းချုပ်)

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုမှု၌ နစ်မြုပ်ခဲ့သည့် အိမ်ထောင်စုစာရင်း (အကျဉ်းချုပ်) ============================ 1.ဦးအောင်ထွန်း ၊ 2.ဦးကရင် ၊ 3.ဦးအလီဘိုင် ၊ 4.ဦးနူးရ်ဆွန်း ၊ 5.မစံပယ် ၊ 6.ဦးစလင်း ၊ 7.ကရီမာဘီ ၊ 8.ဦးဟူစိန် ၊ 9.အပုလေး ၊10. ဦးကရင်မ် ၊ 11.အဘားလေး ၊ 12.အာဒမ်ဘိုင် 13.အာမတ်လေး 14.မာမူလေး 15.ဦးကောင်ပု 16.ဒေါ်ဇိုင်နတ် 17.ဟာဖစ်ဆွာရီ ဆေးရုံများ၌ ဆေးကုသမူခံယူနေသည့် လူဦးရေ စာရင်း ============================= 1.အလီဘိုင်..(မော်လမြိုင်ဆေးရုံ) 2.ဦးနူရ်ဆွန်း..(မော်လမြိုင်ဆေးရုံ) 3.ဇင်မာဘူ…(မော်လမြိုင်ဆေးရုံ) 4.အာဒမ်မာလစ်…(မော်လမြိုင်ဆေးရုံ) 5.ဟမီဒါ…(မော်လမြိုင်ဆေးရုံ) 6.A.ရရှိဒ်း..(သထုံဆေးရုံ) သေဆုံးသူ မိသားစုဝင် စာရင်းများ (အကျဉ်းချုပ်) =============================== 1.ဦးမျိုးအောင် (ဘ)ဦးနူးရ်ရာမွတ် (ခ)ကရင်မ်… 5ဦး […]

News

ကမ္ဘာပေါ်မှာ အရက်စက်ဆုံးဟာ လူသားတွေပဲလား

ကမ္ဘာပေါ်မှာ အရက်စက်ဆုံးဟာ လူသားတွေပဲလား သဲဖြူကုန်းမြေပြိုမှုမှ အသက်ရှင်လျှက် ခက်ခက်ခဲခဲ အချိန် 2 နာရီ လောက်ပေးပြီး ကယ်ထုတ်ခဲ့တဲ့ အသက်ရှိနေတဲ့ နွား ၁ ကောင် ကို မြေပြန့်တဲ့နေရာမှာ ကောက်ရိုးခင်း..တာလပတ်ခြုံပေးခဲ့တယ်.. မနက် DeadBody ရှာဖွေထုတ်ဖို့ လာကြတော့ နွား က အရေခွံဘဲ ရှိတော့တယ်..ရက်စက်ကြတယ်ဗျာ…. 😡😡😡 သတင်းဓါတ်ပုံ- Lwin Mg

News

ရှင်မော်ဘုရားတောင်ပေါ်တွင်ပိတ်မိနေသူများအနက် ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီ

ရှင်မော်ဘုရားတောင်ပေါ်တွင်ပိတ်မိနေသူများအနက် ၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီ 11.8.2019 ရှင်မော်ဘုရားတောင်ပေါ်တွင်ပိတ်မိနေသူ ၂၀ ဦးခန့်အနက် ၇ ဦးကို သြဂုတ်လ ၁၁ ရက် ညနေပိုင်းက အောက်ကျောက်ဝပ်ကျေးရွာသို့ အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့သည်။ ဇမ္ဗူသီရိအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များက ရှင်မော်တောင်တက်လမ်း တစ်ဝက်အထိ သွားရောက်ခေါ်ဆောင်ခဲ့ရသလို တောင်ပေါ်မှဆင်းလာရာတွင် မြတ်မိခင်ပရဟိတလူမူကူညီရေးအသင်း(ကျောက်နီမော်)က ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ရောက်ရှိလာသူများအနက် မွေးကင်းစကလေးတစ်ဦးနှင့် မိခင်တစ်ဦးလာပါဝင်ပြီး ငါးဦးကို အောက်ကျောက်ဝပ်ကျေးရွာသို့ စက်လှေဖြင့် ခေါ်ဆောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်လူနှစ်ဦးက ကြက်လွတ်ရွာဇာတိဖြစ်၍ အဆိုပါရွာတွင် ချန်နေခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-ကိုဇော်/ #Dawei_Watch Credit

News

ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့တဲ့ အကြောင်းအရင်း ပေါ်ပါပြီ။

ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့တဲ့ အကြောင်းအရင်း ပေါ်ပါပြီ။ Sunday, August 11, 2019 ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့၊…။ ။ ရေတံခွန် ဒုတိယအဆင့်တွင် မြေအောက်ဂလိုင်ပေါက် ဖြစ်ပေါ်လာပြီး ရေလမ်းကြောင်းပြောင်းသွားခြင်းဟုဆို ပြင်ဦးလွင်မြို့နယ် အနီးစခန်းအနီးရှိ ဓါတ်တော်ချိုင့်ရေတံခွန်တွင် ယနေ့(သြဂုတ်၁၁)နေ့လည်ပိုင်းမှ စတင်ကာ ရေစီးကျမူမရှိတော့ကြောင်း ဒေသခံများက ပြောသည်။ ဓါတ်တော်ချိုင့်ရေတံခွန်သည် သုံးဆင့်ရေတံခွန်ဖြစ်ပြီး ရေတံခွန် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် အနည်းငယ် ရေစီးဆင်းမူရှိသော်လည်း ရေတံခွန်တတိယအဆင့်မှာမူ ရေစီးဆင်းမူ လုံးဝမရှိတော့ဟု ပြင်ဦးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။ “အဲဒီဘက်က ထုံးကျောက်တောင်တွေဖြစ်တယ်။ ရေက အောက်ကဂလိုင်တစ်ခုခု၊ တွင်းတစ်ခုခုထဲ ကျွံစီးသွားသလား၊ ဒါမှမဟုတ် အပေါ်က ရေလွှဲသုံးလို့ မစီးတော့တာလား သေချာတော့ မသိရသေးဘူး။ ရေတံခွန် တတိယအဆင့်မှတော့ […]

News

ရေကြီး​မြေပြိုမှု​များကြောင့်​ ၂၀၁၅ခုနှစ်​လိုဖြစ်​မှာ စိုးရိမ်​​​တယ်​ဆိုတဲ့ ​ဝေ​ဠု​ကျော်

ရေကြီး​မြေပြိုမှု​များကြောင့်​ ၂၀၁၅ခုနှစ်​လိုဖြစ်​မှာ စိုးရိမ်​​​တယ်​ဆိုတဲ့ ​ဝေ​ဠု​ကျော်​​ Sunday, August 11, 2019 လက်​ရှိ မွန်​ပြည်​နယ်​တွင်​ ဖြစ်​​ပေါ်​နေသည့်​ ​ရေကြီး​မြေပြိုမှုများ​ကြောင့်​ ၂၀၁၅ခုနှစ်​က ကယားပြည်​နယ်​ အ​ခြေအ​နေအတိုင်းဖြစ်​​မလားဟု စိုးရိမ်​​ကြောင်း မြန်​မာနိုင်​ငံလူမှုကူညီ​ကယ်​ဆယ်​​ရေးအသင်း ဒုဥက္ကဌ ​ဦး​ဝေဠု​ကျော်​က ​ပြောသည်​။ သရုပ်​​ဆောင်​ ​ဝေဠု​ကျော်​နှင့်​အဖွဲ့သည်​ ယ​နေ့(ဩဂုတ်​ ၁၁ရက်​) ည​နေ ၄နာရီတွင်​ ​ရေကြီးမှုဖြစ်​​ပေါ်​နေ​သော မွန်​ပြည်​နယ်​ ရေးမြို့ရှိ အောင်​​မေတ္တာရပ်ကွက်​ သို့ သွား​ရောက်​၍ ရှာ​ဖွေကယ်​ဆယ်​​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​​နေသည်​။ “အ​ခြေအ​နေက ၂၀၁၅လိုပြန်​ဖြစ်​မလားလို့ စိုးရိမ်​တာ​တော့ အမှန်​ပဲ။ ၂၀၁၅တုန်းက​တော့ အဆိုးဆုံးအချိန်​​ပေါ့။ ​မြေပြို​တဲ့​နေရာဆိုရင်​ အရင်​က ကယားပြည်​နယ်​မှာလည်း ဖြစ်​ဘူးပါတယ်​”ဟု ၄င်းက ​ပြောသည်​။ ထိုင်း​နှင့်​ နိုင်​ငံတကာ​ရောက်​ မြန်​မာနိုင်​ငံသား​တွေအ​နေဖြင့်​ ​ရေ​ဘေးအတွက်​ လှူတန်းလိုပါက AAC မဟာမိတ်​အဖွဲ့နှင့်​ ဝေဠု​ကျော်​​ဖောင်​​ဒေးရှင်းသို့ ဆက်​သွယ်​လှူဒါန်းနိုင်​ပြီး […]